ပန်ဝါမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားနေမှုရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်ဝါ   ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးလမ်းညွှန်ချက် စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့နံနက် (၁၀)နာရီက အထက(ပန်ဝါ) ကျောင်းတွင် ရှောင်တခင် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြိုတင်ကာကွယ်တားဆီးရေးကာလ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများဖွင့်လှစ်နိုင်ရေး သတ်မှတ်ထားရှိသော စည်းကမ်းချက်များနှင့်အညီ ကျောင်းစတင် ဖွင့်လှစ်သင်ကြားနေမှုအပေါ် ကျောင်းသား/သူများ စာသင်ခန်းအတွင်း စနစ်တကျနေရာချထားခြင်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်းချက်များအား လိုက်နာမှုရှိ/မရှိကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့်အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာဆိုင်ရာတာ ဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

ပန်ဝါမြို့ အထက(ပန်ဝါ)ကျောင်းတွင် အထက်တန်းအဆင့် ဒသမတန်းကျောင်းသား/သူ စုစုပေါင်း(၁၄)ဦး နှင့် နဝမတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၃၀)ဦး ပညာသင်ကြားလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရဲညွန့်(ပြန်/ဆက်)