မဟာအောင်မြေ အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား (Sinopharm) အမျိုးအစား ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်း (၉)နာရီမှစ၍ စုရပ်(၅)နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ကာကွယ်ဆေး(Sinopharm)ကို မဟာအောင်မြေမြို့နယ်အနေဖြင့် ဆေးထိုးစုရပ် (၅)နေရာဖြစ်သည့် အ.မ.က(၃)၊ အ.ထ.က(၂၄) မြို့နယ်အားကစားကွင်း၊ စက်ကြာနွယ်စင်ရပ်ကွက်ရှိ လက်ပံတန်းဓမ္မာရုံနှင့် ရတနာဘုမ္မိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာများတွင် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးကြောင်းသိရသည်။
ခင်နှင်းဆီ