ပုလောမြို့နယ်၌ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် ဆရာ/ မိဘ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးလိုက်လံ အသိပေး နှိုးဆော်

ပုလော  အောက်တိုဘာ   ၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူ များကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ရာ  ဆရာ/ မိဘ နှင့် တာ၀န်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်ကိုဗစ်−၁၉ထိန်းချုပ်ရေး ကော်မတီနှင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက  ရပ်ကွက်များအတွင်းအသိပေး နှိုးဆော်လှည့်လည် ကြေညာ ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်း လာပြီဖြစ်သလို နိုင်ငံတော် အစိုးရအနေဖြင့်လည်း ကျောင်းသား လူငယ်များပညာ လေ့လာ ဆည်းပူးခွင့်ရရှိစေရန် အတွက် အသက် (၁၂) နှစ် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ကျောင်းများ၌ စုရပ်ပြုလုပ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ကျောင်းသားလူငယ်များကို ကိုဗစ် ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် ဆရာ/ဆရာမများနှင့်အတူ ကျောင်းသား မိဘ၊ အုပ်ထိန်းသူများနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများက စနစ်တကျ ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုအတူ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်နှင့် ပုလောမြို့နယ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကိုလည်းရောဂါ ကာကွယ် ဆေးများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် စုရပ်များတွင် ထိုးနှံပေး လျက်ရှိရာ သွားရောက် ထိုးနှံ့ကြရန် အသိပေး ကြေညာခဲ့ သည်။

အေးအေးမော် (ပုလော)