ဆင်ပေါင်ဝဲမြို့ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဆင်ပေါင်ဝဲ အောက်တိုဘာ ၉

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှ ပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၇)နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးနှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ရဲထွဍ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ရပ်ကွက်နေပြည်သူ များ စိတ်အေးချမ်းသာစွာ လေကောင်းလေသန့်များ ရရှိနိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ် ပြီး ကမ်းနားလမ်းတစ်လျှောက် စွန့်ပစ်ထားသော အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများကို စုပေါင်းသန့် ရှင်းရေး ပြုလုပ်ခဲကြောင်း သိရသည်။

 

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)