ထားဝယ် အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင် တာများတွင် တာဝန်ထမ်းဆောင်ကြမည့်ပ ရဟိတအဖွဲ့အစည်း များနှင့်Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသော လူငယ် Volunteerများအတွက်နဝမအကြိမ်သင်တန်းကိုယနေ့နံနက် ၁၀ နာရီ ကထားဝယ်မြို့၊မြို့တော်ခန်းမ၌ သင်တန်း ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က ပရဟိတအအဖွဲ့အစည်းများနှင့် Quarantine Center များတွင်တာဝန်ထမ်း ဆောင်နေ သော Volunteer များအားသင်တန်းပေးခြင်းသည်ယခုအကြိမ် အပါ အဝင်(နဝမ)အကြိမ်ရှိပြီဖြစ်ပြီးသင်တန်းသား/သူ ၃၀၀ ကျော်သင်တန်း ပေးခဲ့ပြီးဖြစ်ကြောင်း၊သင်တန်းတွင်ဆေးဘက် ဆိုင်ရာ နှင့်ပရဟိတလုပ်ငန်းဆိုင်ရာများကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း ၊ တာဝန်ရှိသူများ က သက်ဆိုင် ရာ ဘာသာရပ် အလိုက်သင်ကြားပို့ချပေးမှာဖြစ်သည့်အတွက် သေချာစွာလိုက်နာမှတ်သားပြီး သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးပေး ကြရန် လိုကြောင်းပြောကြားသည်။
သင်တန်းတွင်တာဝန်ရှိသူများ က လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀)ဦး အား ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုဘာသာရပ်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ Psycho Social Support နှင့် Counseling ဘာသာရပ်များ ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိသင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)