မော်လိုက် သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသည့် သားဖွားခန်းတွင် အသုံးပြုနိုင်ရန် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် သားဖွားကုတင်နှင့် ကလေးတင်စင်တို့ကို ယနေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ရာသို့ မော်လိုက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနွယ်နှင့် အသင်းဝင်များက တောင်းအင်ကျေးရွာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းမှ ဖွင့်လှစ်ထားသည့် သားဖွားခန်းအတွက် သားဖွားကုတင် တစ်လုံးနှင့် ကလေးတင်စင်တို့အား ပေးအပ်ခဲ့ရာ သားဖွားဆရာမတို့က လက်ခံရယူခဲ့ ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များသည် တောင်းအင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အထက်တန်းအဆင့် ကျောင်းသား/သူများနှင့် ဆရာ၊ဆရာမများအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဗူး တို့အား ထောက်ပံ့ပေးအပ်ပြီး ညောင်သပြေကျေးရွာမှ သက်ကြီး အဖိုး တစ်ဦးနှင့် အဖွား တစ်ဦးတို့အား အာဟာရဖြည့်အစားစာများနှင့် ငွေသား တစ်သောင်းကျပ်စီ ကန်တော့ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး