လပွတ္တာ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင် ကျေးရွာတွင် အမှတ်(၉၇) စက်မှုလယ်ယာ စခန်းမှ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ဖွင့်လှစ်ခဲ့သည်။
စက်မှုလယ်ယာ ဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းစက်မှုလယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် တောင်သူများ လက်ဝယ်ပိုင်ဆိုင် လျက်ရှိသော လယ်ယာသုံး စက်ကိရိယာများအား စနစ်တကျ မောင်းနှင်တတ်စေရန်နှင့် နေ့စဉ်နှင့် အပတ်စဉ် နာရီအလိုက် ထိန်းသိမ်းပြုပြင်ရမည့် လုပ်ငန်းများအား သိရှိနားလည်စေရန် ရည်ရွယ်၍ လယ်ယာသုံး စက်ကိရိယာများ မောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို (၁၅.၈.၂၀၂၀) ရက်နေ့မှ (၂၆.၈.၂၀၂၀) ရက်နေ့ထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။
ထို့နောက် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၉၇) စက်မှုလယ်ယာစခန်းမှ ဖွင့်လှစ်သော သင်တန်းကို လပွတ္တာ မြို့နယ်အတွင်းရှိ လပွတ္တလုပ်တောင် ကျေးရွာနှင့် ညောင်လိန် ကျေးရွာအုပ်စုမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ သင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)