ဝက်လက် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့တွင် တောင်သူများ ၊ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မှီ ရရှိစေရန် မြန်မာ့ လယ်ယာ ဖွံဖြိုးရေးဘဏ်၊ ဝက်လက်မြို့နယ် ဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးချေးငွေကို မေလ ၂၆ ရက်နေ့ မှ စတင် ထုတ်ချေးပေးရာ ၊ မိုးချေးငွေ ထုတ်ရန်ကာလကို စက်တင်ဘာလ ၃၀ ရက်နေ့ ထိ ထုတ်ချေးရန် သတ်မှတ် ထားသော်လည်း ၊၂၀၂၁ ခုနစ် အောက်တိုဘာလ ၃၁ ရက်နေ့ထိ ၊ ရက်တိုးမြှင့် ထုတ်ချေး သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ချေးငွေဆပ်ရန် အခက်ခဲ ဖြစ်နေသည့် တောင်သူများကိုလည်း အတတ်နိုင်ဆုံး အဆင်ပြေရန် အတွက်၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် နောက်ဆုံးပေးဆပ်ရမည့် ၊၂၀၂၀ မိုးချေးငွေကိုလည်ကောင်း ၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံး ပေးဆပ်ရမည့် ကိုဗစ် - ၁၉ အထူးချေးငွေ ကိုလည်ကောင်း ပေးဆပ်ရန် ကာလများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ နေ့ အထိ တိုးမြှင့် ပြင်ဆင် ပေးခြင်း နှင့် ကိုဗစ် - ၁၉ အထူး ချေးငွေ လာရောက် ပေးဆပ်သည့် တောင်သူများကိုလည်း ဒဏ်တိုး ကင်းလွတ်ခွင့် ဖြင့်သာ လက်ခံ ဆောင်ရွက်ပေးနေကြောင်း ၊ ဝက်လက်မြို့နယ် မြန်မာ့လယ်ယာ ဖွံဖြိုးရေး ဘဏ်ခွဲ မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေးများ ထုတ်ချေးပေးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အတွက် ၊ လူစု လူဝေး မဖြစ်စေရန် နှာခေါင်းစည်း Mask များတပ်ဆင်၍ စနစ်တကျ ထုတ်ချေး ပေးနေကြောင်း သိရှိ ရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)