စလင်း၊ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိို့နယ်အတွင်းCommumity Positive Centerနှင့် Treatment Centerများတွင် တက်ရောက်ကုသခဲ့သော အသက် ၆၀နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၅ နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားခန်းမဆောင်တွင်ပြုလုပ်ခဲ့သည်။
ထိုပေးအပ်ခြင်းအခမ်းအနားသို့ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေလင်း နိုင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၃ အုပ်စုမှ အသက် ၆၀နှင့်အထက်ဘိုးဘွား ၅၃ ဦး၊ အသက် ၅ နှစ်အောက်ကလေးသူငယ် ၃ ဦး တို့အတွက် တစ်ဦးလျှင် ၃၀၀၀၀ကျပ်နှုန်းဖြင့် ၅၆ ဦးတို့အတွက် ထောက်ပံ့ငွေ ၁၆၈၀၀၀၀ကျပ်ကို တက်ရောက်လာကြသည့် အသက်ကြီးဘိုးဘွား ၃ ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးနေလင်းနိုင်က ကိုယ်တိုင် ထောက်ပံ့ငွေ ၃၀၀၀၀ကျပ်စီအား လက်ဝယ်အရောက်ပေး အပ်ခဲ့ပြီး ကျန်ရှိသည့်အသက် ၅ နှစ်အောက်ကလေး ၃ ဦးနှင့် အသက် ၆၀ နှစ်နှင့်အထက် ၅၃ ဦးတို့ကို ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို နိုင်ငံတော်မှ ၁.၈.၂၀၂၁ရက်နေ့မှ ၁၆.၈.၂၀၂၁ ရက်နေ့ထိ Commumity Positive Centerနှင့် Treatment Centerများတွင် ရောက်ဆေးကုသမှုခံယူသူ များအားထောက်ပံ့ပေး အပ်ခြင်းဖြစ် ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)