ဝက်လက် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် တောင်သူများ၊ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မှီ ရရှိစေရန် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်၊ ဝက်လက်မြို့နယ် ဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးချေးငွေကို မေလ ၂၆ ရက်နေ့ မှ စတင် ထုတ်ချေးပေးရာ၊ မိုးချေးငွေ ထုတ်ရန်ကာလကို စက်တင်ဘာလ ၃၀ ရက်နေ့ ထိ ထုတ်ချေးရန် သတ်မှတ် ထားသော်လည်း ၊၂၀၂၁ ခုနစ် အောက်တိုဘာလ ၃၁ ရက်နေ့ထိ ၊ ရက်တိုးမြှင့် ထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ချေးငွေဆပ်ရန် အခက်ခဲ ဖြစ်နေသည့် တောင်သူများကိုလည်း အတတ်နိုင်ဆုံး အဆင်ပြေရန် အတွက်၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် နောက်ဆုံးပေးဆပ်ရမည့် ၊၂၀၂၀ မိုးချေးငွေကိုလည်ကောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံး ပေးဆပ်ရမည့် ကိုဗစ်-၁၉ အထူးချေးငွေ ကိုလည်ကောင်း ပေးဆပ်ရန် ကာလများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ နေ့အထိ တိုးမြှင့်ပြင်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ အထူး ချေးငွေ လာရောက် ပေးဆပ်သည့် တောင်သူများကိုလည်း ဒဏ်တိုးကင်းလွတ်ခွင့်ဖြင့်သာ လက်ခံ ဆောင်ရွက် ပေးနေကြောင်း၊ ဝက်လက်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေးများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက်၊ လူစုလူဝေး မဖြစ်စေရန် နှာခေါင်းစည်း Mask များတပ်ဆင်၍ စနစ်တကျ ထုတ်ချေး ပေးနေကြောင်း သိရသည်။
စိုးစိုးလှိုင် ( ဝက်လက်)