နတ်မောက် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင်ဆေး (လုံးဝ)မထိုးနှံရသေးသူများကို ပထမအကြိမ်ဆေးထိုးနှံပေးခြင်း အားယနေ့နံနက်(၉)နာရီအချိန်ခန့်က စုရပ် (၄)နေရာဖြစ်သည့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ၊ ရွှေပန်းတောကျေးရွာတိုက်နယ်ဆေးရုံ၊ ဖန်းခါးစမ်းကျေးရွာ တိုက်နယ်ဆေးရုံနှင့် စိုင်ကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ဆရာ/မများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ သည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်သူများမှာ အသက်(၁၈)နှစ်နှင့်အထက်ကာကွယ်ဆေး မထိုးနှံရသေးသောရဟန်း၊သံဃာများနှင့်ပြည်သူတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ဆေးကိုစနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ် အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာလိုအပ်သည်များကိုကူညီဆောင်ရွက်ပေးပြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆေးအလုံးရေ (၁၅၀၀)လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
လှဝင်း