ဇီးကုန်း အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ယနေ့ နေ့လယ်က နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာ၌ ယနေ့တွင် အမှတ်(၁) ရပ်ကွက်မှပြည်သူ(၅၀၀)ဦးအား ဆေးထိုးနေရာ လေးခုခွဲ၍ ထိုးနှံပေးလျက်ရှိပြီး၊ ကျန်ရပ်ကွက် ကျေးရွာများမှ ပြည်သူများကို အောက်တိုဘာ (၉,၁၀,၁၁)ရက်နေ့များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။ ဇီးကုန်းမြို့နယ်တွင် ယခုအကြိမ်၌ ပြည်သူ (၄၆၀၀)ကို ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား မကြာမီရက်ပိုင်းအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များက လိုအပ်သည်များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)