ကြို့ပင်ကောက် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်က အရှေ့ဘက် မဟာလောကသီရိ ဘုရားကြီးတွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက်(၁၈)နှစ်အထက်များအား နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်သူ ၆၇၁၅ ဦးအား ထိုးနှံပေးရန် အတွက် အောက်တိုဘာလ (၈)ရက်နေ့မှ အောက်တိုဘာလ (၁၁)ရက်နေ့အတွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ဆေးထိုးရန်စုရပ်နေရာ (၁၀)နေရာဖြစ်သော မဟာစန္ဒာသီဟဘုရားကြီး၊ ဗားကရာ ဘုန်းတော်ကြီးကျောင်း၊ မြို့လယ်ချောင်းကျေးရွာ၊ ရှားပင်ထကျေးရွာ၊ တောင်ရိုးကွင်းကျေးရွာ၊ လယ်တီကျေးရွာ၊ ခွန်နှစ်ရွာကျေးရွာ၊ လှေတုန်းကျေးရွာ၊ ကျခတ္တန်းကြီးကျေးရွာနှင့် အလယ်ကုန်း ကျေးရွာတို့ရှိ စုရပ်နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် လူဦးရေစုစုပေါင်း ၁၂၃၉၆၅ ဦးရှိရာ ပထမအကြိမ်ဆေးထိုးပြီးသူ (၁၁၇၆၈)ဦး၊ နှစ်ကြိမ်အပြည့်ဆေးထိုးပြီးသူ (၁၂၄၆၈)ဦးတို့ရှိကြောင်း ယခု (၁၈)နှစ်အထက် (၆၇၁၅)ဦးနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း