အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်စေရေး Mask Campaign ဆောင်ရွက်ခြင်းနှင့် သိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

အောင်လံ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လျော့နည်း ပပျောက်စေရေး Mask Campaign ဆောင်ရွက်၍ ပါးစပ်နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် နာရီက စမ်းချောင်းရပ်ကွက်၊ ပြည်လမ်း အမှတ်() အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် သရက်တောရက်ကွက် ပျံကျဈေးတို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ဝေသော ဖန်ခါးမြေ လက်ကမ်းစာစောင်ဖြစ်ပြီး ပါဝင်သောအချက်များမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး၊ ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကူးစက်ရောဂါနှိမ်နင်းရေး ဥပဒေဆိုတာဘာလဲ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးမှ ကင်းဝေးစေလိုသည့် စေတနာ၊ ကာကွယ်ဆေးထိုးရန်လို၊ RDT Test Kid ဖြင့်အခမဲ့စစ်ဆေး နိုင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အဓိကသတင်းစကား (၁၁)ချက်စသည့် အကြောင်းအရာပါချက်များ အသိပညာပေး လက်ကမ်းစာစောင်၊ မြို့နယ်လဝက ဦးစီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့လက်ကမ်း စာစောင်နှင့် ပါးစပ်နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)