နတ်မောက် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဈေးရပ်ကွက်ရှိ ဝင်ငွေနည်း အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းအား ELGHTY THOUSAND ကျောက်မျက်ကုမ္ပဏီ မိသားစုက အခြေခံစား သောက်ကုန်များဖြစ်သည့် ဆန်၊ ဆီများကို ယမန်နေ့က ထောက်ပံ့ လှူဒါန်း ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့လှူဒါန်းပေးရာတွင် နတ်မောက်မြို့ ကြံ့နှစ်ကောင်ဘိလပ်မြေ ရောင်းဝယ်ရေး မိသားစုမှ ဆက်သွယ်မှုဖြင့် ELGHTY THOUSAND ကျောက်မျက် ကုမ္ပဏီမိသားစုက ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းများကို အလှူရှင်များကိုယ်စား နတ်မောက် ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအဖွဲ့မှ ဈေးရပ်ကွက်ရှိ ဝင်ငွေနည်းသည့် အိမ်ထောင်စု(၃၀)စုအား တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့ကို ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နတ်မောက် ကွန်ရက် ပရဟိတ လူမှုအကျိုးပြုအဖွဲ့တို့က လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှဝင်း