ကျွန်းလှမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်း

ကျွန်းလှ အောက်တိုဘာ ၈

မေး။   ဆရာကြီးရဲ့ အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူး ပြောပေးပါဗျ။

ဖြေ။    ဆရာ့ အမည်ကတော့ ဦးမြင့်လွင် ပါ။  ကျွန်းလှမြို့နယ် ပညာရေးမှူး ဖြစ်ပါတယ်။

မေး။   နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက် ၁၂  နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို သိချင်ပါတယ် ဆရာ။

ဖြေ။    အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဖို့ ကျွန်တော်တို့ မြို့နယ်မှာ အလယ်တန်းနှင့် အထက်တန်းသင်ကျောင်း ၆၃ ကျောင်းရှိပြီး ဘုန်းတော်ကြီး ပညာသင်ကျောင်းနှစ်ကျောင်းရှိပါတယ်။ ၁၂ နှစ်ပြည့်ပြီး တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ဦးအား ကာကွယ်ဆေး ထိုးနှံပေးရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကြိုတင်စီမံချက် ရေးဆွဲထားပါတယ်၊ ကျွန်းလှမြို့နယ်မှာ ဆေးထိုးမယ့်စုရပ် ခြောက်ခုသတ်မှတ်ထားပါတယ်။

ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး အဆင်ပြေအောင် ထိုးနှံပေးနိုင်ရန် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကို လမ်းညွှန်ထားပါတယ်၊ ဆေးထိုးမယ့် စာရင်းတိတိကျကျ ပြုစုရမယ်၊ ဆေးထိုးပြီး စာရင်းဖြည့်သွင်းဖို့အတွက် ကွန်ပျူတာ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမများ နည်းပညာပိုင်း ရေးသွင်းနည်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူပေါင်းပြီး သင်ကြားနိုင်ရန် စီစဉ်ထားပါတယ်။

မေး။   ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမယ့် စုရပ်တွေ သိချင်ပါတယ်ဆရာ။

ဖြေ။    ကာကွယ်ဆေး ထိုးမယ့် စုရပ်တွေက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ) အုပ်စုမှာ ကျောင်းပေါင်း သုံးကျောင်း ၅၅၂ ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (သစ်ရာမြိုင်) အုပ်စုမှာ ကျောင်းသုံးကျောင်း ၂၇၀ ဦး၊ အခြေခံပညာအထက်တန်းကျောင်း ခွဲ (ကုက္ကိုကုန်း)အုပ်စုမှာ ကျောင်းသုံးကျောင်း ၂၂၈ ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း (ကျီကုန်း)အုပ်စုမှာ ကျောင်းသုံးကျောင်း  ၁၂၇ ဦး၊ အခြေခံပညာအလယ်တန်းကျောင်း(စံပြ) အုပ်စုမှာ ကျောင်းလေးကျောင်း ၁၂၈ ဦး၊ အခြေခံပညာအလယ်တန်းကျောင်း(ထန်းပင်ကုန်း)  အုပ်စုမှာ ၉၅ ဦး စုစုပေါင်း ၁၄၀၀ ဦးထိုးနှံပေးသွားပါမယ်။

မေး။   ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်အသီးသီးမှာ ကာကွယ်ဆေးထိုးနှံဖို့ ဘယ်လို အသိပေးထား ပါသလဲဆရာ။

ဖြေ။    ကာကွယ်ဆေး ထိုးနှံဖို့အတွက် သက်ဆိုင်ရာ ကျောင်းများက ကျောင်းအုပ်နဲ့ ဆရာ ဆရာမများကို ညွှန်ကြားပြီး ဖြစ်ပါတယ်။ အတန်းပိုင်ဆရာတွေကတဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးဖို့ အသိပေးမယ်၊ ကျောင်းသား မိဘတွေရဲ့ သဘောတူညီမှု လက်မှတ်ယူမယ်။ သဘောတူညီမှု ရတဲ့ကျောင်းတွေကို စပြီထိုးနှံပေးမှာ ဖြစ်ပါတယ်။

မေး။   ဆရာ၊ ဆရာမတွေ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးပြီလားဗျ။

ဖြေ။    အခြေခံပညာကျောင်းများမှာ ရှိတဲ့ဆရာ၊ ဆရာမ ၈၀ ရာခိုင်နှုန်း ကိုဗစ် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပါတယ်။ မထိုးနှံရသေးတဲ့ သူတွေကတော့ ကလေးနို့တိုက်မိခင်၊ ကိုဝန်သည်နဲ့ သွားလာရေးခက်ခဲတဲ့ ဒေသကသူ တွေဘဲကျန်ပါတော့တယ်။

မေး။   အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာမှာ ပူးပေါင်းဆောင်ရွက်မယ့် ဌာနများကို သိပါရစေ။

ဖြေ။    ကာကွယ်ဆေး ထိုးနှံဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်ပြီး ကျန်းမာရေးဌာန၊  ပညာရေးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

မေး။   အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမယ့်အပေါ် ပီတိစကားသံလေး ပြောပေးပါဗျ။

ဖြေ။    နိုင်ငံနှင့် အဝန်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းလာရင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှာ ဖြစ်တဲ့အတွက် အစိမ်း၊ အဖြူ ယူနီဖောင်းဝတ် ကျောင်းသား၊ ကျောင်းသူများ အားလုံး “ ကျန်းမာ၊ ပျော်ရွှင်၊ ပညာသင်” ကြားခွင့် အဆက်မပြတ်ရေး မျှော်တွေး ပီတိဖြစ်မိပါတယ်။

မေး။   ဆရာကြီးအနေနဲ့ အခြားဖြည့်စွက် ပြေချင်တာရှိရင် ပြောပေးပါဗျ။

ဖြေ။    ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဓိကကျဆုံးကတော့ “မိမိကအစ ကာကွယ်ပါ” ဆောင်ပုဒ် အတိုင်း နေအိမ်ပြင်ပထွက်ရင် နှာခေါင်းစည်း (Mask) တပ်ပါ၊ လူစုလူဝေး ရှောင်ရှားကြပါ၊ လက်ကိုမကြာခဏ စက္ကန့် ၂၀ ကြာစနစ်တကျ ဆေးကြပါ၊ အသက် ၁၂ ပြည့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံကြဖို့ ကျောင်းသားမိဘများကို တိုက်တွန်းပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်၊

မျိုးဝင်းညို (ကျွန်းလှ)