ထားဝယ် အောက်တိုဘာ ၈
နယ်စပ်ဒေသ၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရဖွင့်လှစ်သည့်လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့်လက်ကိုင် ဖုန်းပြင် သင်တန်းအမှတ်စဉ်( ၁၂/၂၀၂၁ )သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းခန်းမ၌ကျင်းပခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက နယ်စပ်ဒေသရှိတိုင်းရင်းသား လူမျိုးများ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက တနင်္သာရီ တိုင်းဒေသကြီးအတွင်း ထားဝယ်မြို့၌ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်း(၁) ကျောင်း မြိတ်မြို့နှင့် ကော့ သောင်းမြို့တို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(၂)ကျောင်းတို့ကို ဖွင့်လှစ်၍ဒေသ အတွင်းရှိ လူငယ်များနှင့်အမျိုးသမီးငယ်လေးများ အားအသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြား လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက် ရှိကြောင်း၊သင်တန်းသားများအနေဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး/ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်မိမိတို့တက်မြောက် သည့် အတတ်ပညာများဖြင့်ကျရာအခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း။ သင်တန်းက သင်ကြား ပို့ချပေးလိုက်သော အတတ်ပညာများဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင် လုပ်သား များအဖြစ် အောင်မြင်အောင်ကြိုးစားပြီး တန်ဖိုးရှိသော အနာဂတ် ဘဝ ကိုဖန်တီးသွားကြရန် လိုကြောင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ပြီးသင်တန်း သားများအား သင်တန်းဆင်း လက်မှတ်ပေးအပ်၍ သင်တန်းသားများ လက်တွေ့လုပ်ဆောင်မှု များအား လှည့်လည်ကြည့်ရှုအားပေးသည်။
သင်တန်းတွင်လျှပ်စစ်(၁၀)ဦး၊ဂဟေ(၁၀)ဦး၊မော်တော်ယာဉ်စက်ပြင်(၁၀)ဦး၊ လက်ကိုင်ဖုန်းပြင်(၅)ဦး စုစုပေါင်း (၃၅)ဦး အား အတက်ပညာဘာသာရပ်များကို ၁၀.၅.၂၀၂၁ ရက်မှ ၈.၁၀.၂၀၂၁ရက်နေ့အထိ ရက်သတ္တပတ်( ၂၂ ) ပတ်ကြာ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)