မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများနှင့် ချည်ထည်စက်ရုံလည်ပတ်နိုင်မှု အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပခုက္ကူ  အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများနှင့် ချည်ထည်စက်ရုံ လည်ပတ်နိုင်မှု အခြေအနေတို့ကို ယမန်နေ့ မွန်းလွဲ  ၁ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာ လိုက်ပါပြီး မွန့်လွဲ ၁ နာရီအချိန်က ပခုက္ကူတက္ကသိုလ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပခုက္ကူတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ်သမိုင်း၊ ဝန်ထမ်းအင်အားစာရင်း၊ သင်ကြားပေးသည့် ဘာသာရပ်များ အကြောင်းတို့ကို ရှင်လင်း တင်ပြပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လိုက်လံ ရှင်းလင်း ပြသသည်။

ထို့နောက် ပခုက္ကူပညာရေး ကောလိပ်ကျောင်းသို့ ရောက်ရှိပြီး သုံးထပ်စာသင်ဆောင် တည်ဆောက်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုကြပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ ရှင်းလင်းတင်ပြမှုများအပေါ် လုပ်ငန်း စံချိန်စံညွှန်း အရည်သွေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရေး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍ ပခုက္ကူအမှတ်(၅)ချည်မျှင်နှင့် အထည်စက်ရုံလည်ပတ်နိုင်မှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးရာ ဒုတိယစက်ရုံမှု ဦးကျင်မွှေးက ချည်ကြမ်းမှ ချည်ချော အထည်များအဖြစ် အဆင့်ဆင့် ဆောင်ရွက်မှု အခြေအနေတို့ကို လိုက်လံ ရှင်းလင်းပြသပြီး အမှတ်(၅) အထည်ချုပ်စက်ရုံ၊ အစည်းအဝေးခန်းမတွင် စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)