သံတောင်ကြီးမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်တွင် စာပေချစ်မြတ်နိုးသူများမှ ယနေ့နံနက် (၉) နာရီခွဲအချိန် က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော ပစ်တိုင်းထောင်စိတ်ဓါတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဒေါ်ယဉ်ယဉ်အေး (စာ/ထောက်-၃) မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်၊ စာ ဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် မိမိတို့၏ အမြင်ထင်မြင်ယူဆချက်၊ အတွေးအခေါ်များကို အပြန်အလှန် ဆွေးနွေးဖလှယ် ခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် နော်ချစ်စနိုးမှ စိတ်ဓါတ်ကောင်းမှဖြတ်သန်းနိုင် ဟူသောခေါင်းစဉ် ဖြင့်ဖတ်ကြားရာတွင် အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ရာ၌ ရည်ရွယ်ချက်ရှိရှိဖြင့် မိမိတို့၏ စိတ်ဓါတ်ခိုင်မာရာ လိုအပ်ကြောင်း၊ ဇွဲလုံ့လဝီရိယနှင့် လုပ်ကိုင်မှ အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း  ဦးကျော်သန်းမှ ပစ်တိုင်းထောင်စိတ်ဓါတ်ဟူသော ခေါင်းစဉ်ဖြင့် လောကဓံအခက်အခဲ အကျပ်အတည်း ဘေးဒုက္ခကြုံတွေ့ရသော်လည်း မကြောက်မရွံ့တမ်း ဖြတ်သန်းကျော်လွှား နိုင်ခြင်း၊ ယောင်္ကျားကောင်းတစ်ဦးအနေဖြင့် မိမိအခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း၊ မိမိမမျှော်လင့်ဘဲ အခက်အခဲ ကြမ္မာဆိုးနှင့်ကြုံတွေ့ပါက စိတ်မခြောက်မခြားဘဲ တည်တည်ငြိမ်ငြိမ် အကောင်းဆုံး ဖြေရှင်းသွားရန်ဖတ်ကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)