မြဝတီမြို့နယ် မင်းလက်ပံကျေးရွာ၌ တိရိစ္ဆာန်မွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်

မြဝတီ အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ  တိရစ္ဆာန်မွေးမြူရေးပညာပေး သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီခန့်က မြဝတီမြို့နယ် မင်းလက်ပံကျေးရွာတွင် သင်တန်း ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင်  မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က အဖွင့်အမှ စကားပြောကြားခဲ့ပြီး မြဝတီခရိုင်မွေးမြူရေးနှင့်ကုသရးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးဒေါက်တာ တင့်လွင်က တိရိစ္တာန်မွေးမြူရေးဆိုင်ရာ နည်းပညာ များနှင့်ပတ်သက်၍ ဆက်လက် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ (၇)ရက်နေ့မှ(၉)ရက်နေ့အထိ တစ်ရက်ကို သင်တန်းနည်းပြ (၂)ဦးဖြင့် သင်တန်းသား/ သင်တန်းသူ(၂၅)ဦးကို သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်ခန်းစာအနေဖြင့် တိရိစ္တာန်မွေးမြူရေး ဆိုင်ရာနည်းပညာများနှင့် ပတ်သက်၍  တိရိစ္ဆာန်များ၏ ကျန်းမာရေး လက္ခဏာများ၊ ရောဂါမကျရောက်အောင် မကူးစက်အောင်ကာကွယ်ခြင်းနှင့်ဖြစ် လေ့ဖြစ်ထရှိသော သာမန်တိရိစ္ဆာန်ရောဂါများနှင့်ပြုစုစောင့်ရှောက်ခြင်း စသည့် သင်ခန်းစာတို့ ပါဝင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)