ပိုင်ကျုံ အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြည်သူ့စာကြည့်တိုက် မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အကြောင်း သိကောင်းစရာများအား ယနေ့နံနက်ပိုင်း အချိန်က ပြသလျက်ရှိကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များအား ဒေသနေပြည်သူများ အသိပညာ ဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်း တစ်ရပ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)