မေတ္တာ အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သော ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာ လာသူတစ်ဦး၏ ပြောကြားချက်ရင်တွင်းစကားသံကို တင်ပြပါသည်။
နော်အယ်စတယ်ထွန်းအမှတ်(၁) ရပ်ကွက်၊အာဇာနည်လမ်း၊ မေတ္တာမြို့။ ကျွန်မနာမည် နော်အယ်စတယ်ထွန်းလို့ခေါ်ပါတယ် အမှတ်(၂) ရပ်ကွက်၊အာဇာနည်လမ်းမှာနေထိုင်သူတစ်ဦး ဖြစ်ပါတယ်။အသက် (၃၄)နှစ်ရှိပါပြီ။ အိမ်မှာပဲနေပြီး နေ့စဉ်အလုပ်တွေ လုပ်တွေနဲ့ပဲအချိန် ကုန်ပါတယ်။အားတဲ့အချိန်ခြံထဲသွားပြီးကူပါတယ်။ အိမ်မှာ မိသားစုဝင်(၄)ဦးနေထိုင်ပြီး လွန်ခဲ့တဲ့ဩဂုတ်လဆန်းပိုင်းက ယောက္ခထီးဖြစ်သူ အဖေမှာရောဂါးပိုး ရှိကြောင်းစစ်ဆေးတွေ့ရှိပါတယ်။ အဖေ့မှာရောဂါပိုးတွေ့ပြီး၇ ရက်လောက်ကြာပြီးမှ ကျွန်မမှာ အစာစားတဲ့အခါ အရသာက မကောင်းဘူးဘာပဲစားစားခါးတယ်လို့ခံစားရတယ်။
နှစ်ရက်လောက်ကြာတော့ အဖျားနည်းနည်းဝင်လာတယ် အဖျားစမှာကိုယ်လက်ကိုက်ခဲတယ် နောက်နှာစေးပြီး ချောင်းနည်းနည်း ဆိုးတယ်။ ချောင်းဆိုးရင်နည်းနည်းမောတယ်။၃ရက်လောက်ကြာတော့သက်ဆိုင်ရာကိုအကြောင်းကြားပြီး ဆာဒိုဝါးဆေးခန်းသွားပြတော့ ရောဂါပိုးတွေ့တယ်။ ကျွန်မမှာနှလုံးရောဂါအခံတော့ရှိတယ်။ ဒါပေမယ့်ဆေးရုံတက်ပြီး ဆေးကုသစရာမလိုပဲ အိမ်မှာပဲ နေပြီးဆရာညွှန်ကြားတဲ့ ဆေးတွသောက်ပြီးဆေးကုသမှုခံယူရပါတယ်။ ဆေးကုသမှုခံယူနေစဉ် အောက်ဆီဂျင်ကျတာတွေတော့မရှိဘူး။ နောက်အစာစားချင်စိတ် မရှိပေမယ့် အစားဝင်အောင် ကြိုးစားပြီးစားနေရတယ်။ ရပ်ကွက်ကော်မတီဝင်များက အခါအားလျော်စွာအား ပေးစကား ပြောခြင်းကြောင့် များစွာစိတ်ခွန်အားဖြစ်စေပါတယ်။အသက်ရှူလေ့ကျင့်ခန်းလည်းလုပ်တယ်။
အတူနေမိသားစုများထဲကတစ်ယောက်မှ ရောဂါပိုးမတွေ့ပါတယ်။ အိမ်မှာ Home Quarantine အဖြစ် (၁၄)ရက် နေထိုင်ရပါတယ်။ ကာကွယ်ဆေး မထိုးရသေးပါ။ပိုးတွေ့ပြီးသူကို သီးခြားထပ်ထိုးပေးမယ်သိရတော့ ထိုးခွင့်ရတဲ့အခါထိုးဖို့စဉ်းစားနေတယ်။ နည်းနည်းတော့ ကြောက်ပါတယ်။ ခုတော့ကျန်းမာရေးအခြေအနေက ပုံမှန်ပြန်ဖြစ်ပြီလို့ဆိုရပေမယ့် ပင်ပန်းတဲ့ အလုပ်တွေမလုပ်နိုင်သေး။ ပင်ပန်းစွာ လုပ်လိုက်ရင်အရမ်းမောပြီးအသက်ရှူကြပ်လာတယ်။
ဒါကကိုဗစ်-၁၉ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးလို့ကျွန်မထင်ပါတယ်။Stay Home နေထိုင်စဉ်ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနဲ့ အလှူရှင်များကိုကျေးဇူးတင်ပါတယ်လို့ နော်အယ်စတယ်ထွန်းက ပြောပါသည်။