ကျိုက်လတ်မြို့တွင်အသက်( ၅၅) နှစ်အထက် ပြည်သူများ၊ ဈေးရောင်းချသူများ၊ ဆိုင်ကယ်ရီ‌မောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိုက်လတ်  အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ ဈေးရောင်းချသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများအား ယမန်နေ့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ပထမအကြိမ်စတင်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အထက(၁)ကျောင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ ဈေးရောင်းချသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ(၅၂၅)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးစုရပ် အဝင်ဝတွင် လက်သန့်ဆေးရည်များဖျန်းပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းမှတ်တမ်း ပေးသွင်းစေခြင်းတို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်