ကျုံပျော်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးမည့်အစီအစဉ်အား ရှင်းလင်း‌ဆွေးနွေးပွဲကျင်းပ

ကျုံပျော် အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးမည့်အစီအစဉ်အား ရှင်းလင်း‌ဆွေးနွေးပွဲကို အမှတ်(၁) အ‌ခြေခံ ပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၁) အ‌ခြေခံပညာအထက်တန်းကျောင်း၏ ယာယီကျောင်းအုပ် ဆရာကြီး ဦးကျော်မိုးအောင် က  အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများအား ကာကွယ် ဆေးထိုးနှံမည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းချပြပြီး၊ မိဘများသိရှိစေရန်နှင့် တစ်ဦးချင်းစီ၏ ဆန္ဒ သဘောထားကို ရယူရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မိမိ၏ကလေးကို ကာကွယ်ဆေး ထိုး လိုသည့်မိဘများအနေဖြင့် စာရင်းပေးသွင်းပြီး ကိုယ်တိုင်လက်မှတ်ရေးထိုးရန်လိုအပ်ကြောင်း၊ မိမိ ကလေး၏ ကျန်းမာရေးအခြေအနေကြောင့် ဆေးထိုးနှံရန်ဆန္ဒမရှိပါကလည်း ပညာသင်ကြားရေးကို မထိခိုက် ပဲ အများနည်းတူပညာသင်ကြားခွင့် ရရှိမှာဖြစ်ကြောင်း၊ မိမိသားသမီးကျန်းမာစွာ ပညာသင်ကြား နိုင်ရေးအတွက် ဆေးထိုးနှံရေးကိစ္စကို မိဘများကိုယ်တိုင်ဆုံးဖြတ်ကြစေလိုကြောင်းဖြင့် ရှင်လင်းပြောကြား သည်။

ထို့နောက် အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေး နေမှု နှင့် ယခု ကာကွယ်ဆေးထိုးပေးမည့် အခြေအနေအားရှင်းလင်းပြောကြားသည်။ အဆိုပါ ရှင်းလင်းဆွေး နွေးပွဲသို့ အလယ်တန်းနှင့်အထက်တန်းပြ ဆရာဆရာမများ၊ ကျောင်းသားမိဘများ  စုံညီစွာ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။