စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မိုးစပါးသတ်မှတ်လျာထားဧက ထက် ကျော်လွန်စိုက်ပျိုးပြီးစီး

မုံရွာ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်လှိုင်ဦးမှ အနီးကပ်ကြီးကြပ်၍ ခရိုင်/မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးမှူးများ ဦးဆောင်မှုဖြင့် ဒေသခံတောင်သူများ ပူးပေါင်းကာ  တိုင်းဒေသကြီးအတွင်း ၂၀၂၁ခုနှစ် မိုးစပါးသတ်မှတ်လျာထားဧက (၁၈၂၅၀၀)ထက်(၃၃၃၃၅)ဧက ကျော်လွန်စိုက်ပျိုးပြီးစီးကြောင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့ထွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အတည်ပြုစာရင်းအရသိရသည်။

           

တိုင်းဒေသကြီးအတွင်း စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ ကလေး၊ မော်လိုက်၊ တမူး၊ ခန္တီး စသည့်ခရိုင်များရှိ မြို့နယ်များနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတို့တွင် ဒေသခံပြည်သူများက မိုးကောင်းရေသောက်စနစ်၊ မြစ်ရေတင်စနစ်၊ ဆည်ရေသောက်စနစ်၊ ကန်ရေသောက်စနစ်တို့ဖြင့် (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ နှစ်စဥ် မိုးစပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ကြံ၊ ဝါ၊ စားဖိုဆောင်သီးနှံများ နှင့် အခြားသီနှံမျိုးစုံတို့ကို လျာထားဧကများထက် ကျော်လွန်စိုက်ပျိုးလျက်ရှိပါတယ်။ တိုင်းဒေသကြီးအတွင်း ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင်  အခက်အခဲမရှိစေရေးကို အထူးအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ယခုနှစ်မှာဆိုရင်တော့ ရာသီဥတုအနေက ဒေသအလိုက် မိုးအသင့်သင့်ရရှိခြင်း၊ ဆည်ရေ လုံလောက်စွာ ပေးဝေနိုင်ခြင်း၊ မျိုးကောင်းမျိုးစေ့များနှင့် စိုက်ပျိုးရေးသွင်းအားစုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မိမိတို့ စိုက်ပျိုးရေးဦးစီးဌာန တို့မှပံ့ပိုးထောက်ပံ့ပေးနိုင်ခြင်း တို့ပြင်တောင်သူနည်းပညာ ပေးလုပ်ငန်းများကိုလည်း စဥ်ဆက်မပျက် မိတ်ဖက်ဌာနဆိုင်ရာများနဲ့ အတက်ပညာရှင်အသိပညာရှင်များဖြင့် ပူးပေါင်း၍ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဆင့်ပွားအသိပညာပေးသင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို အရှိန်အဟုန်မပျက်လုပ်ကိုင်လျက်ရှိပြီး သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို  အားလုံးပူးပေါင်းလုပ်ကိုင်ကြသည့် အတွက်ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်ကဏ္ဍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဉးစီးမှူး ဦးဝင်းဦးက ပြောကြားသည်။

 

စစ်ကိုင်းသတင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များအလိုက် ၂၀၂၀-၂၀၂၁-ခုနှစ် မိုးသီးနှံများအုပ်စုအလိုက် လျာထားချက်ထက်ကျော်လွန်၍ ယနေ့အချိန်ထိ စိုက်ပျိုးပြီးစီးမှုအခြေအနေမှာ မိုးစပါး (၁၈၅၈၃၃၅)ဧက၊ ပဲစုစုပေါင်း(၁၁၀၄၂၉၇)ဧက၊ ဆီထွက်သီးနှံပေါင်း(၈၃၁၃၂၄)ဧက၊ ကြံစုစုပေါင်း(၁၄၉၇၇၆)ဧက၊ ဝါစုစုပေါင်း(၇၄၉၆၄)ဧက၊ စားဖိုဆောင်သီးနှံပေါင်း(၈၁၆၈)ဧက၊ အခြားသီးနှံပေါင်း(၁၃၃၃၅၇၆)ဧက၊ စုစုပေါင်း (၅၃၆၀၄၄၀)ဧက  စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)