ဝက်လက် သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် JICA ODA(Loan) ဂျပန်ချေးငွေဖြင့် ဆောင်ရွက်မည့် (AIiP)စီမံကိန်းကျေးလက်လမ်းနှင့် တိုင်းဒေသကြီး (ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအား ချပြ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ အဖွင့်အမှာစကားကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလေးမှ အမှာစကားကို လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေမျိုးနိုင်မှ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တင်ဒါအောင်မြင် ကုမ္ပဏီများ ဖြစ်ကြသော သီဟမင်းဆွေကုမ္ပဏီနှင့် Gigabuilt ကုမ္ပဏီများမှ မိတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြ သည်။
အခမ်းအနားသို့ ဝက်လက်မြို့နယ်အတွင်းရှိ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လမ်းကော်မတီဝင်များ၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြပြီး လမ်း ကော်မတီဝင်များမှ လုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အိမွန်ထွန်(ဝက်လက်)