မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ စုပေါင်းလှူဒါန်းထားသော အောက်ဆီဂျင်ထုတ်စက် လည်ပတ်လျက်ရှိ

ဂန့်ဂေါ အောက်တိုဘာ  ၇

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ ဗိမာန်ဝင်းအတွင်း၌ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံအတွက် မြို့မ၊ မြို့ဖ ဒေသခံ အလှူရှင်များ စုပေါင်းလှူဒါန်းထားသော အောက်စီဂျင်ထုတ်စက် (Oxygen Plant) သည် လည်ပတ်မောင်းနှင်နေပြီဖြစ်သည်။

 

 

အဆိုပါအောက်စီဂျင်စက်မှာ မြို့မ၊ မြို့ဖ ဒေသခံအလှူရှင်များ လှူဒါန်းထားပံ့ထားသည့် တရုတ် နိုင်ငံထုတ် (OY - 150) Oxygen Plant အမျိုးအစားဖြစ်ပြီး ၁ နာရီခွဲကို အောက်စီဂျင် ၄၀ လီတာ ၅ လုံး ထွက်ရှိကြောင်း၊ အောက်စီဂျင်စက်တပ်ဆင်ခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းတို့ကို YEE SHIN CO., LIMITED က ကျွမ်းကျင်ပညာရှင်များ စနစ်တကျတပ်ဆင်ကြကြောင်းနှင့် စက်တင်ဘာ ၂၆ ရက်က စမ်းသပ်မောင်းနှင်လည်ပတ်ရာ အောက်စီဂျင် ၄၀ လီတာ အလုံး ၃၀ ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့ပြီး၊ ကျောမြို့သို့လည်း နေ့စဉ် အောက်စီဂျင် ၄၀ လီတာ ၃၀ လုံး ပို့ဆောင်ပေးနေတယ်" ဟု အောက်စီဂျင် စက်ရုံဆောက်လုပ်ရေးကော်မတီအတွင်းရေးမှူးက ပြောပြသည်။

 

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသည့်စက်မှာ ၂၄ နာရီတွင် အောက်စီဂျင် ၄၀ လီတာ ၁၂၀ လုံးခန့်ထွက်ရှိပြီး မြို့မ၊ မြို့ဖ ဒေသခံများစုပေါင်းလှူဒါန်းထားသည့် အဆိုပါစက်ပါ လည်ပတ်နိုင်ပြီ ဖြစ်၍  ဂန့်ဂေါမြို့နယ်အတွက်သာမက ထီးလင်း၊ ဆော၊ ကျောက်ထု မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်စီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် ဂန့်ဂေါမြို့အောက်ဆီဂျင် စက်ရုံတွင် အောက်ဆီဂျင်ဖြည့်ရမရ စုံစမ်းလိုပါက အထိုင်ဖုန်း  09404397001 နှင့် မိုဘိုင်းဖုန်း 09258006301၊ 09455551185၊ 09401548046၊ 09455443833 တို့သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)