မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရွှေပန်းပင်ကျေးရွာရှိဝါစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းလျက်ရှိ

မြို့သစ် အောက်တိုဘာ

 

မကွေးခရိုင်၊  မြို့သစ်မြို့နယ်  မကြီးကုန်းကြီးအုပ်စု  ရွှေပန်းကျေးရွာ တောင်သူများအနေဖြင့် ယခုနှစ်မှာအစောပိုင်းက မိုးအသင့်အတင့် ရွာသွန်းပေးသည့်အတွက် နှမ်းစိုက်တောင်သူမှားအနေဖြင့် နှမ်းများလည်းရရှိသလို နှမ်းစိုက်ပျိုးအပြီး   ဝါစိုက်ပျိုးရာတွင်အလွန်ကောင်းသည့် ဝါစိုက်ခင်းများဟု ရွှေပန်းပင်ကျေးရွာရှိငွေခြည်() စိုက်ပျိုးသည့် တောင်သူကွင်း အမှတ် (၁၂၂၆) တွင်စိုက်ပျိုးထားလျက်ရှိသော တောင်သူ ဦးမျိုးတင့်၏ ပြောပြချက်အရသိရှိရသည်။

 

ဝါစိုက်ပျိုးခြင်းကို  စတင်စိုက်ပျိုးပြီးရက်ပေါင်း(၂၀) ရက်တွင်တစ်ကြိမ်ပေါင်း   လိုက်ခြင်းများ ဆောင်ရွက်ပြီး တစ်လပြည့်ချိန်တွင်   အားဆေးများပတ်ဖြန်းပေးခြင်းများဖြင့်  ရက်ပေါင်း၂၀ရက်ခြား ပတ်ဖြန်းခြင်းများပြုလုပ်ရသည်။ ဝါစိုက်ခင်းများအားလုပ်အားဖြင့် ပေါင်းပေါက်ခြင်းများ ပြုလုပ်ပေးရာ တွင်အလုပ်သမား() ဦးမှ ()ဦးထိ ငှားရမ်းလုပ်ကိုင်ရာတွင် တစ်ဦး  လျင်နေ့စားခ(၅၀၀၀) ကျပ်နှုန်း ဖြင့်ငှားရမ်းခဲ့ရသည်။ မနှစ်က ဝါးစျေးမကောင်းသဖြင့် အနည်းငယ်သာ အရှုံးဖြင့်ရင်ဆိုင်ကြရသည်ဖြစ် ရာယခုနှစ်မှတစ်ပိဿာလျင် (၁၂၀၀)နှုန်းဟုကြားသိရသည့်အတွက် အနည်းငယ်သာ စိုးရိမ်နေရသည်၊  ဝါစိုက်တောင်သူများဖြစ်သော ရွှေပန်းပင်ကျေးရွာရှိ ဝါစိုက်ပျိုးထား   စိုက်ခင်းများ သည် အောက်တိုဘာလကုန်ပိုင်းတွင်  စတင်ကောက်ယူရမည့်  အနေအထားဖြစ်ရာ  ဝါစျေးနှုန်းများ ကောင်းမွန်စေရေးကို သာမျော်လင့်ခြင်းများစွာဖြင့်မိမိတို့ရိုးရာတောင်သူလုပ်ငန်းကိုသာ လုပ်ကိုင်နေ ရပါကြောင်း ဒေသခံမျာထံမှကြားသိရသည်။

 

ကိုဇော်(ပြန်/ဆက်)