နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုလျော့နည်းကျဆင်းလာ

နတ်မောက် အောက်တိုဘာ   ၇

 

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့နံနက် (၆)နာရီ တိုင်းထွာချက်အရ ရေပိုလွဲမှ ရေကျော်ကျမှုလျော့နည်းကျဆင်းလာကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။

 

 

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာလ (၆) ရက်​နေ့တွင် တမံရေပြည့် အမှတ် ၆၈၃ ပေ၊ လက်ရှိရေအမှတ် ၆၈၃.၆ ပေ ရှိ၍ (၀.၆)  ရေပိုလွှဲမှရေကျော်ကျလျက်ရှိခဲ့ပြီး ယနေ့နံနက် (၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၃.၃ပေ ရှိပြီး (၀.၃)ပေ ရေပိုလွှဲမှဆက်လက်ရေကျော်ကျ လျက်ရှိကြောင်းသိရသည်။

 

 

နတ်မောက်ရေလှောင်တမံရေပိုလွဲမှရေကျော်ကျမှု လျော့နည်းကျဆင်းလာသော်လည်း တမံအတွင်းရေဝင် ရောက်မှုအခြေအနေနဲ့ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေတွေကို တမံအောက်ဘက်ရှိဒေသခံ  ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံ များအားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ(၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်းအချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ခံ ဦးထိန်လင်း ထံမှသိရသည်။

 

သင်းသင်းမြတ်