လောင်းလုံး အောက်တိုဘာ ၇
ကျောင်းသား/သူများ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရခြင်း၊ ကောင်းမွန်စွာ ပညာ သင်ကြားနိုင်ရန် "ကာကွယ်ဆေးများ ထိုးပေးခြင်းအတွက် လောင်းလုံး မြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖော်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ရောဂါ ကူးစက်မှုမရှိဘဲ၊ ကောင်မွန်စွာ ကျောင်းတက်နိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာခြင်း၊ ကျန်းမာ ခြင်း၊ ပျော်ရွှင်ခြင်းဖြင့် ပညာသင်ကြားနိုင်ရန် မျှော်မှန်းပြီး အသက် ၁၂အထက် ကျောင်းသား /သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ပတ်သက်၍ မြို့နယ်ပညာရေး မှူး ဒေါ်နော်ဆဲပွယ်ဖောအား ယခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်ရှင့်။.
မေး။ ဆရာမကြီးရှင့် ယခုမကြာမီ အသက်၁၂အထက် ကျောင်းသား/သူများ ကာကွယ်ဆေး ထိုးပေးမယ် လို့ကြားသိရပါတယ်ရှင့်၊အဲဒါနှင့်ပတ်သက်ပြီ ကာကွယ်ဆေးထိုးပေးနိုင်ရေး အတွက် စီစဥ်ဆောင်ရွက်မှေုအခြေအနေကို သိပါရစေရှင်။
ဖြေ။ ယခုလက်ရှိ လောင်းလုံး မြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းအပ် လက်ခံပြီးသား ကျောင်းသားကျောင်းသူများ သက်ဆိုင်ရာ မြို့ပေါ် နှင့်ကျေးရွာ ကျောင်းအုပ် ကြီးမှတဆင့်အသီးသီးရှိ ကျောင်းသား/သူစာရင်းများ ပြုစုထားပြီးဖြစ်ပါတယ်။ ဇွန်လမှာ ကျောင်းအပ်ပြီးသော ကျောင်းသားကျောင်းသူများကို ဦးစားပေးထိုးပေးမှာ ဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးကို စုရပ်ဘယ်နေရာ၊ ဘယ်အချိန်ထိုးဖို့ သတ်မှတ်ပါသလဲရှင့်။
ဖြေ။ လောင်းလုံးမြို့နယ် အနေဖြင့် အသက်၁၂ အထက်ကျောင်းအပ်လက်ခံပြီး ကျောင်းသား၊ ကျောင်းသူအားလုံးပေါင်း (၂၅၆)ဦးသာရှိတဲ့အတွက် စုရပ်တစ်နေရာဖြစ်တဲ့ အ-ထ-က - လောင်းလုံးကျောင်း၌ မနက်ပိုင်းအချိန်ကို လောင်းလုံးအောက်ဘက်ရှိ ကျေးရွာများမှ ကျောင်းသား/သူများ၊ နေ့လယ်ပိုင်းအချိန်ကို မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းသား/သူများနှင့် ညနေပိုင်းအချိန်ကို လောင်းလုံး အထက်ပိုင်းရှိ ကျေးရွာကျောင်းသား/ သူများကို ထိုးပေးမှာ ဖြစ်ပါတယ်။
မေး။ စာသင်ကျောင်းများက ဘယ်အချိန်လောက် ပြန်ဖွင့်မယ်လို့ အစီအစဉ်ရှိပါသလဲရှင့်။
ဖြေ။ ကိုဗစ်-၁၉ရောဂါကမတည်ငြိမ်သေးတော့ တရားဝင်ကျောင်းပိတ်ရက်က အောက်တို ဘာ လ၂၄ရက်နေ့ အထိဖြစ်ပြီး ခန့်မှန်းချက်အရတော့ နိုဝင်ဘာလဆန်းလောက်ပြန်ဖွင့် မယ်လို့ စီစဉ်ထားပါတယ်။
မေး။ ကာကွယ်ဆေးထိုးပြီး ကျောင်းသား၊ကျောင်းသူများများကို စာရင်းပြုစုမယ့် အခြေ အနေကို သိပါရစေရှင်။
ဖြေ။ ကာကွယ်ဆေးထိုးပြီး VMISစာရင်းကို ဒုတိယမြို့နယ်ပညာရေးမှူးဦးစောမိုးကျော်နှင့် ဆရာ/ဆရာမ ၁၀ဦးတို့က တာဝန်ယူစာရင်းသွင်းပေးမှာဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးပေးခြင်းနှင့်ပတ်သက်ပြီး ကျောင်းသား/သူ တို့ရဲ မိဘပြည်သူတွေက ဘယ်လို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှာလဲရှင့်။.
ဖြေ။ လက်ရှိအခြေအနေမှာ ကွင်းမဆင်းနိုင်တဲ့အတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ ဖြန်းဆက်ခေါ်တွေ့ဆုံပြီး မိဘပြည်သူများနှင့် ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး အသိပညာပေး ဆောင်ရွက် ပေးလျက်ရှိပါတယ်။
မေး။ ကျောင်းသား/သူများကို ကာကွယ်ဆေးဘယ်နှစ်ကြိမ်ထိုးပေးမှာလဲ၊ ဘာကာကွယ်ဆေး အမျိုးအစား ထိုးပေးမှာလဲရှင့်။
ဖြေ။ ပုံမှန်အားဖြင့်တော့ နှစ်ကြိမ်ထိုးပေးတာပေါ့နော်၊ ကာကွယ်ဆေးအမျိုးအစားကတော့ တရုတ်ပြည် ထုတ် Sinovac အမျိုးအစားဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးစထိုးမယ့် နေ့ရက်ကို သိပါရစေရှင့်။
ဖြေ။ အောက်တိုဘာလ ၁၂ ရက်နေ့စထိုးမယ်လို့ လျာထားပါတယ်။
မေး။ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူး များနှင့် ပူးပေါင်းပါဝင်ဖို့ မိဘများကို တိုက်တွန်းစကားလေးပြောကြာပေးပါရှင့်။
ဖြေ။ ယခုလို ကာကွယ်ဆေးများ ထိုးပေးခြင်းဖြင့် ကျောင်းသား/သူများ ပညာသင်ကြား ချိန်မှာ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရခြင်း၊ ကောင်းမွန်စွာပညာသင်ကြားနိုင်မှာဖြစ်ပြီး မိဘပြည်သူများအားလုံး ကိုယ့်သားသမီးများကို ကာကွယ်ဆေးထိုးပေးပို့ တိုက်တွန်းပြော ကြားလိုပါတယ်၊ ကျေးဇူးတင်ပါတယ်။
လောင်းလုံး(ပြန်/ဆက်)