ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ထန်းတပင်မြို့နယ်ရှိ ပြည်သူများအား ရောင်းချပေး

ထန်းတပင် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က စတင်ကာ ထန်းတပင်မြို့နယ် မြို့ပေါ်(၆)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် ဘုန်းကြီးကျောင်းဓမ္မာရုံများတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင်   စားသုံးဆီ တစ်ပိသာလျှင်(၃၇၅၀)ကျပ်နှုန်း၊ တစ်အိမ်ထောင်လျှင် (၁)ပိဿာ စီ စုစုပေါင်း ဆီပိဿာ(၅၀၀)ပိဿာကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များမှ   ဦးဆောင်မှုဖြင့် ဝယ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)