ပန်းတောင်းမြို့နယ် မြေဝါကုန်းကျေးရွာ ကျေးရွာသစ် လူထုလှုပ်ရှားမှုစီမံကိန်း တစ်နှစ်ပြည့်သည့်နေ့အဖြစ် ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ပန်းတောင်း အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးကျေးရွာအုပ်စု၊ မြေဝါကုန်း ကျေးရွာ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း တစ်နှစ်ပြည့်သည့်​နေ့အဖြစ် ကျေးရွာပြည်သူများနှင့် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသင်းက ကျေးရွာသစ်လှုပ်ရှားမှု ​ကော်မတီဝင်များ ကဏ္ဍကြီး(၃)ခုအတွက် ​ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း မြေဝါကုန်း ကျေးရွာ ရွာသူ၊ ရွာသားများအား ရန်ပုံငွေများ ပြန်လည်ချေးပေးနိုင်ရေး ကျေးရွာ ကော်မတီဝင်များမှ စာရင်းအင်း စာချုပ်များအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာကော်မတီဝင်များနှင့် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ အခမ်းအနားသို့ ကျေးရွာကော်မတီဝင် ၁၅ ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)