ရှမ်းရွာသစ် အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား စိုက်ပျိုး လုပ်ကိုင်သည့် မြို့ဖြစ်ပြီး နှစ်စဉ်၎င်းလုပ်ငန်းများနှင့် တွဲဖက်ကာ ဝဥတူးဖော်ရောင်းချသည့် လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် "ကျွန်မတို့ဒေသခံတောင် သူအများစုတွေဟာ လယ်လုပ်ငန်းနဲ့တွဲဖက်ပြီး ဝဥတူးဖော်ရောင်းချသည့် လုပ်ငန်းကို နှစ်စဉ်တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြပါတယ်။ ယခုလို ဝဥတူးဖော်ချိန်ရောက်ပြီဆိုရင် အနီးအနားပတ်ဝန်းကျင် မှာရှိတဲ့ တောတောင်များနှင့် မိမိတို့အိမ်ခြံဝင်းတွေမှာ စိုက်ပျိုးထားတဲ့ဝဥတွေကို တူးဖော်ရောင်းချကြပါတယ်။ ဝဥအပင်မှကျတဲ့ ဝဥအစေ့တွေကို ခြံဝင်းထဲမှ စိုက်ပျိုးရန် အတွက်ထားရှိပြီး ဝဥအကြီးတွေကို ဒိုင်တွေမှာ ပြန်ရောင်း ချကြပါတယ်။ ယခင်နှစ်က ဝဥတစ်ပိဿာ (၁၀၀၀) မ ှ(၂၅၀၀)ကျပ်အထိ ရောင်းချရပြီး ယခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့အတွက် တစ်ပိဿာ ပေါက်ဈေး (၇၀၀)ကျပ်မှ (၁၀၀၀)ကျပ်ထိသာ ရရှိကြပါတယ်။ မိသားစုတစ်စုတစ်ရက် ဝဥတူးလျှင်(၅)ပိဿာမှ (၁၀) ပိဿာအထိရရှိသည့် အတွက်ကြောင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝဥတူးဖော်ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးက ပြောပြချက်အရသိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် ဝဥတူးဖော်ရောင်းချသည့် လုပ်ငန်းသည် နှစ်စဉ်အောက်တိုဘာလမှစ၍ လုပ်ကိုင်ကြရာ မြိုင်ကြီးငူ အထူးဒေသနှင့် လှိုင်းဘွဲမြို့နယ်များမှ အဓိကထားလာရောက် ဝယ်ယူကြပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဝဥ စိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းကာ တူးဖော်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ကြကြောင်း သိရှိရ သည်။
ရှမ်းရွာသစ်(ပြန်/ဆက်)