ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊မြန်မာဘာသာဖြင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ကျိုက်ဒုံ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်၈နာရီက(ပြန်/ဆက်) ဝန်ထမ်းများကအမှတ်(၁)ရပ်ကွက်တွင်ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးမှုများ ဆောင်ရွက်ရာမှာပြည်သူများ အနေဖြင့်မိမိနေအိမ်များတွင်သာနေထိုင်ကြရန်၊အရေးကြီးကိစ္စကြောင့်ပြင်ပသို့ထွက်ခွါပါကနှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်သွားလာကြရန်၊ပြင်ပမှလာသောဧည့်သည်များအားလက်မခံပါရန်၊နှာခေါင်းစည်းမတပ်သူများနှင့်တွေ့ဆုံခြင်း၊စကားပြောခြင်း၊ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊လူစုလူဝေးပြုလုပ်ခြင်းနှင့်သွားလာခြင်းများကိုရှောင်ကြဉ်ရန်စသည့်အသိပညာပေးနှိုးဆော်ချက်များအားလိုက်လံနိုးဆော် ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)