လှိုင်းဘွဲ အောက်တိုဘာလ ၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ဒေသခံပြည်သူ များအား နိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကြာအင်းကျေးရွာ အထကကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့်အဖွဲ့က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကြာအင်းကျေးရွာတွင် အိမ်ထောင်စုစာရင်း(၃)ခု၊ အသက် (၁၈)နှစ်အောက်ရှိ သူများ ပုံစံ ၃(က)ဖြင့် ကျား(၁၆)ဦး၊ မ(၁၀)ဦး၊ အသက်(၁၈)နှစ် အထက်ရှိသူများကို ပုံစံ ၆(က) ဖြင့် ကျား(၁၁)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း(၄၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)