တနင်္သာရီ အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ပြည်သူများအကြား ကူးစက်ပျံ့နှံ့ လျက်ရှိသော ကိုဗစ်-၁၉ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ ကျေးရွာများတွင် ဆေးထိုးစုရပ်များဖွင့်လှစ်၍ ထိုးနှံပေးလျက်ရှိပါတယ်။ သွေးတိုးရောဂါ အခံရှိကာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသော ဦးလှနွယ်၏ ရင်တွင်း စကားသံကို ဖော်ပြပေးလိုက် ပါသည်။
ဦးလှနွယ်(ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့)
ကျွန်တော်ကတော့ ဦးလှနွယ်ဖြစ်ပါတယ်၊ တိုးချဲ့(၄)လမ်း၊ ချောင်းကြီးရပ်ကွက်တွင် နေထိုင်သူဖြစ်ပါ တယ်၊ ကျွန်တော် ကိုဗစ်-၁၉ရောဂါ စဖြစ်တဲ့အချိန်တွင် ဝမ်းဗိုက်ထဲမှနေ၍ ချမ်းပါတယ်။ ချမ်းပြီး တော့တုန်ပါတယ်၊ ခန္ဓာကိုယ်က ပူခြင်းတော့မရှိပါဘူး၊ ညနက်သည့်ဘက်တွင် စဖျားပါတယ်၊ စဖျားတဲ့အချိန်တွင် သွေးတိုး ရောဂါအခံရှိတာကြောင့် သွေးတိုးပါတယ်၊ ဒါကြောင့် ကျွန်တော် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့်အချိန်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိပါတယ်၊ Positive Centre သို့ ရောက်ပြီး နေ့မှ နောက်နှစ်ရက်အထိ သွေးတိုးတက်ပြီး မခံမရပ်နိုင်အောင် ခံစားရပါတယ်၊ (၂)ရက်လောက ်ခံစားရပြီးချိန်တွင် ပြန်လည်ကျန်းမာလာပါတယ်၊ သွေးပေါင်ကတော့ လုံးဝကျမသွားပါ၊ အိမ်သို့ပြန်ရ မည့်ရက်အထိ သွေးပေါင်ပေါ်သွေး(၁၄၀)ပေါင်နှင့် အောက်သွေး(၉၈)ပေါင်ရှိပါတယ်၊ Positive Centre မှာတော့ (၁)ရက်တစ်ကြိမ် ရောဂါလဏ္ခာကို မေးပါတယ်၊ ရောဂါလဏ္ခာ တစ်ခုခုပေါ်ရင် တော့ ဆေးတိုက်ပါတယ်၊ သွေးပေါင်ချိန်နှင့် အောက်ဆီဂျင်ကို တစ်နေ့တစ်ကြိမ်ပုံမှန်တိုင်း ပေးပါတယ်၊ ကျွန်တော်က Positive Centre စရောက်တဲ့ရက်မှာ အောက်ဆီ ဂျင်(၉၀%)ပဲ့ရှိပါတယ်၊ စဖြစ်ပြီး (၂)ရက်လောက်မှာ အောက်ဆီဂျင် (၉၈%) ပြန်ဖြစ်သွားပါတယ်၊ ကျွန်တော် လည်း ကိုဗစ်ဖြစ်ထားတော့ ကာကွယ်ဆေးထိုးလို့ရတဲ့ ကာလကျရင်ထိုးကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးသေးသူများလည်း ကာကွယ်ဆေးကို ထိုးဖြစ်အောင်သွားထိုးကြပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျား။
သီသီခိုင်(တနင်္သာရီ)