ပန်းတနော်မြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပန်းတနော်    အောက်တိုဘာ    

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် နာရီက ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/မများ၊ မိဘပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ခြင်း ဖြင့်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်း၊ မြို့နယ်ပညာ ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်(၈၆) ဦးတို့နှင့် တွေ့ဆုံ၍ ကျောင်းသား/သူ စာရင်းပြုစုထားရှိမှုများ၊ စုရပ်အလိုက်ဆေးထိုးရာတွင် ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များ၊ ဆေးထိုးနှံပြီးသူများအား စာရင်းရေးသွင်းရန်၊ ကျောင်းသား/သူများအားလုံး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံရေး မိဘများနှင့် ကြိုတင်တွေ့ဆုံဆွေးနွေးရန်နှင့် ခွင့်ပြုချက်ရယူရန်၊ ကျောင်းသား/သူများ၏ အသက်၊ မွေးသက္ကရာဇ် အချက်အလက်များ မမှားစေရေး၊ သွားလာရေး၊ လုံခြုံရေး စသည့်ကိစ္စရပ်များအား လိုအပ်ချက်များမဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းကြိုတင်ပြင်ဆင်၍ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အား အပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)