သရက်ချောင်း အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၆ရက်နေ့၊ နေ့လည်(၂)နာရီအချိန်က အသက် (၁၂) နှစ် အထက် အခြေခံပညာကျောင်းသား ကျောင်းသူများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအား VMIS နည်းစနစ်ဖြင့်ကွန်ပျူတာ ရေးသွင်းခြင်း နည်းပညာသင်တန်းကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမိုးထွေဦးမှ အဖွင့်အမှာစကားပြောကြားရာ တွင်ကျောင်းများပြန်ဖွင့်ချိန်၌ ကျောင်းသား / ကျောင်းသူများအနေဖြင့် မိဘ ၊ ဆရာ / ဆရာမ များနှင့်ထိတွေ့ ဆက်ဆံရာတွင်ကူးစက်မြန်သောကိုဗစ်-၁၉ရောဂါအားကာကွယ်ကူးစက်မှု မရှိဘဲကောင်းမွန်စွာ ပညာသင်ယူ ခွင့်ရရှိစေရန်ရည်ရွယ်၍အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/ကျောင်းသူများအား ဦးစားပေး အနေဖြင့် ကာကွယ်ဆေးထိုးနှံပေးမှု ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေး နှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအား VMIS နည်းစနစ်ဖြင့် ကွန်ပျူတာရေးသွင်းခြင်း နည်းပညာ လုပ်ငန်းစဉ်များ အကြောင်းအား ရှင်းလင်း ပြောကြားကြရာ တက်ရောက်လာသော ဆရာ/ဆရာမများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ခဲ့ကြောင်းသိရှိရသည်။
သရက်ချောင်း ( ပြန် / ဆက် )