သနပ်ပင်မြို့နယ်၌ ငါးမွေးတောင်သူများအား (တတိယ)အကြိမ် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်

သနပ်ပင် ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် သနပ်ပင် ငါးလုပ်ငန်းစခန်းတွင် ယနေ့နံနက်(၈:၃၀) နာရီက COVID-19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ COVID-19 Economic Relief Planပါ Action Plan အရ  သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဇော်မြင့်နိုင်က COVID-19 Economic Relief Plan ပါ Action Plan အရ  သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများ အတွက် (တတိယအကြိမ်) ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးဦးအောင်မောင်း၊  ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဇော်မြင့်နိုင်၊ ပဲခူးခရိုင်စီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင်ထွန်း၊ သနပ်ပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ငါးမွေးတောင်သူများထံ ငါးမြစ်ချင်းငါးသားပေါက်များအား ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ငါးမွေးတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအတွက် (တတိယ) အကြိမ် ငါးမြစ်ချင်း ငါးသားပေါက် အကောင်ရေ(၅)သိန်းအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် COVID-19 Economic Relief Plan ပါ Action Plan အရ ခရိုင်အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ ငါးမွေးတောင်သူများ၏ ငါးမွေး ဧရိယာ(၆၈၂၈.၂၃) ဧက အတွက် တစ်ဧကလျှင် ငါးသားပေါက် (၂၀၀၀) ကောင်နှုန်းဖြင့် ငါးသားပေါက် အကောင်ရေ (၁၃,၆၅၆,၄၆၀) ကောင်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လှမိုး(ပြန်/ဆက်)