ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာ ပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(mask)အခမဲ့ဖြန့်‌ဝေ

ညောင်တုန်း  အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်  ကူးစက်ပြန့်နှံ့မှု မရှိစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(mask)အခမဲ့ဖြန့်‌ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကားဂိတ်နှင့် မြို့နယ်ရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကူးစက်ပြန့်ပွားမှု‌ လျော့နည်းစေရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန်နှင့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလအတွင်း အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေး သည့် အခါ မပျက်မကွက်လာရောက်ထိုးနှံပေးကြရန်၊ မိဘအုပ်ထိန်းသူများမှလည်း မိမိတို့၏ သားသမီးများ ကာကွယ်ဆေးလာရောက်ထိုးနှံစေရေး ကြပ်မတ်စေလွှတ်ပေးရန်၊ လိုအပ်ပါက မိဘများက လိုက်ပါ စောင့်ကြပ်ပြီး ကာကွယ်ဆေးထိုးနှံကြပါရန် အသိပညာပေးနှိုး‌ဆော်ခြင်းများဆောင်ရွက်ပြီး နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)