ဖြူး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ရည်ရွယ်ကာ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က စတင်ကာ ဖြူးမြို့မဈေး အနီးရှိ ရုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးဆီ တစ်ပိသာလျှင် (၃၇၅၀)ကျပ်နှုန်း၊ တစ်အိမ်ထောင်လျှင် (၁)ပိဿာစီ စုစုပေါင်း ဆီပိဿာ (၅၀၀) ပိဿာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ တန်းစီစနစ်ဖြင့် ရောင်းချပေး
ကြောင်း သိရသည်။
နေမျိုးလွင်(ဖြူးပြန်/ဆက်)