ရွာသစ်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်း

‌ရွာသစ် အောက်တိုဘာ ၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဘောလခဲ-ရွာသစ်လမ်းတစ်လျှောက် မီးတိုင်နှင့် မလွတ်သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ နေရာများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွာသစ်မြို့လျှပ်စစ်မှူးနှင့် ဝန်ထမ်းများက ရွာသစ်လမ်းဘေးရှိ (၇)မိုင်ကုန်း အောက်တွင် သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းဆွေဆွေအေး