တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကျင်းပ

ထားဝယ်   အောက်တိုဘာ   ၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကိုယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ရပ်ကွက်/ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းနေထိုင်ကြသော ပြည်သူအားလုံးကိုဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ် တစ်မျိုးမျိုးနှင့်အိမ်ထောင်စုလူဦးရေစာရင်းတို့ကိုရရှိကိုင်ထားစေလိုကြောင်း၊ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး နေကြောင်း၊ ပန်းခင်းစီမံချက်အကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများ အကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီးရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက်/ကျေးရွာ အတွင်းတွေ့ကြုံရသောအခက်အခဲများရှိပါက ရင်းရင်းနှီးနှီးဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက တနင်္သာရီတိုင်းဒေ သကြီးအစိုးရအဖွဲ့က ကျေးရွာများအရောက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင်မွန်၊ ကရင်၊ ထားဝယ်၊ ဆလုံလူမျိုးများရှိသည့် အတွက် တိုင်းရင်းသားအခွင့်အရေးများစွာရှိကြောင်း၊ ပြည်သူများအနေဖြင့်ရရှိသော အခွင့်အရေး များကိုလက်လွတ်ဆုံးရှုံးမခံပဲရယူသင့်ကြောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးနေသောကြောင့် စီမံချက်တွင် တိုင်းရင်းသားအခွင့်အရေးများစွာရှိကြောင်း၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို တက်ညီ/လက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား သည်။

၄င်းနောက်တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက  အိမ်ထောင်စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အလှူပွဲ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်နေသူများကို ဆက်လက် ထိုးနှံပေးရန်များအကြောင်း၊ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)