ဝေါ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် စားသောက်ကုန်များကို ဝယ်ယူနိုင်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ကာ စားအုန်းဆီတစ်ပိဿာကို(၃၇၅၀)ကျပ်နှုန်းဖြင့် ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လိုက်လံရောင်းချရာတွင် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိ သူများက ကြီးကြပ်ကာ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ဝယ်ယူစေပြီး တစ်အိမ်ထောင်လျှင် စားအုန်းဆီ တစ်ပိဿာနှုန်းဖြင့် မြို့နယ်အတွင်း စားအုန်းဆီပိဿာ(၅၀၀)ကို လိုက်လံရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)