လေးမျက်နှာမြို့နယ်ရှိ Community Positive Center နှင့် Treatment Center များတွင် ကုသမှုခံယူခဲ့သော ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေပေးအပ် လေးမျက်နှာ အောက်တိုဘာ ၆ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန

လေးမျက်နှာ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင်  ယနေ့နံနက်(၁၀:၃၀)အချိန်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ  Community Positive Center နှင့် Treatment Center များတွင် ကုသမှုခံယူခဲ့သော  ထိခိုက်လွယ်ပြည်သူများအား  ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်  ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ်လှုမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းဝင်းမှ  သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်  အသက်(၅)နှစ်အောက် ကလေးငယ် များမှာ ထိခိုက်လွယ်သောအုပ်စုတွင်ပါရှိကြောင်း၊ ယခုထောက်ပံ့ငွေ   ပေးအပ်ခြင်းသည် (၁.၈.၂၀၂၁)ရက်နေ့မှ (၉.၈.၂၀၂၁)ရက်နေ့အတွင်း  လာရောက်ကုသမှု ခံယူကြသူများ သာ ပါဝင်ကြောင်းနှင့်  ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်း ပြောကြား သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်နှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်စန်းစန်းဝင်းတို့မှထောက်ပံ့ငွေများကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ပေးအပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ  ရပ်ကွက်ကျေးရွာအုပ်စုများမှ  အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွား(၁၉)ဦး၊  ကိုယ်ဝန်ဆောင် မိခင်(၂)ဦး၊ အားတစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လေးမျက်နှာ