ရွာသစ်မြို့ လွယ်ဝိုင်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်

ရွာသစ် အောက်တိုဘာ ၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ ကျေးရွာရှိ ဈေးဆိုင်များတွင် ဆောင်ရွက်ခဲ့‌ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွာသစ်မြို့ မေတ္တာမွန် ပရဟိတအသင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် လွယ်ဝိုင်းကျေးရွာရှိ ဈေးဆိုင်များတွင် ပိုးသတ်ဆေးဖျန်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး