ထားဝယ် အောက်တိုဘာ ၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီမြန်မာနိုင်ငံသားတိုင်ရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေး ရေး လုပ်ငန်းများကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ထားဝယ်မြို့၊ဝဲကျွန်း ထိန်လယ်ရပ်ကွက်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက် ပြီးစီး သည့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(17၇)ကတ်ကို ဒေသခံပြည်သူများထံလက်ဝယ် အရောက်ပေးအပ်ခဲ့သည်။
ထားဝယ်မြို့၊ဝဲကျွန်းထိန်လယ်ရပ်ကွက်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ရပ်ကွက်နေပြည်သူများ အား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာ ၈ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသိရပြီးပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ် ပေးရေး လုပ်ငန်း များကို (၃.၅.၂၀၂၁) ရက်နေ့မှ(၃.၁၁.၂၀၂၂)ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)