ကရသူရိ အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် COVID-19 Positive Center တက်ရောက် ဆေးကုသသူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်လွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာ ကျော်လင်းထွန်းတို့က COVID-19 Positive Center တက်ရောက်ဆေးကုသသည့် အသက် (၅) နှစ်အောက် နှင့် အသက်(၆၀)အထက်ရှိသူများကို ထောက်ပံ့ငွေ(၃)သောင်းကျပ် ပေးအပ်ခြင်းကိုလည်း ကောင်း၊ အလားတူ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အမျိုးသား လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃) သောင်း ပေးအပ်ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/စာရေးတို့က အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ ကြောင်း သိရသည်။
အေးအေးသန်း