အင်းတော် အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် လယ်ယာသုံးပစ္စည်းကိရိယာများ၊ သွင်းအားစုများအား ဒေသခံတောင်သူများထံသို့ ပေးအပ်ပွဲအခမ်း အနားကိုယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်းတော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့ဒေသအတွင်း စိုက်ပျိုးရေး သီးနှံများအား အရည်အသွေးပြည့်မီသည့် သီးနှံများ ရရှိစေရေး၊ စိုက်ပျိုးထွက်ရှိလာသော သီးနှံများ အနေဖြင့် ဈေးကွက်အတွင်း စံချိန်မီ ရောင်းချနိုင်ရေး၊ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော ဒေသခံများအနေဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ လူမှုစီးပွားဘဝများ တိုးတက်လာရေး၊ ဒေသအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသော မိုးစပါးများ တစ်ဧက အထွက်နှုန်း ပြည့်မီစွာ ရရှိနိုင်ရေး၊ မိုးစပါးမျိုးစေ့ထုတ်ကွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လယ်ယာသုံးပစ္စည်းကိရိယာများ၊ သွင်းအားစုများအား ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ ဒေသခံ တောင်သူလယ်သမားများအနေဖြင့် ထောက်ပံ့ပေးအပ်သည့် ပစ္စည်းကိရိယာများ၊ သွင်းအားစုများအား စနစ်တကျအသုံးပြု၍ မိသားစုဘဝ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုကြောင်း၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦး စီးဌာနမှူးမြို့နယ် ဦးစီးမှူး ဦးသိန်းခိုင်က ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းနိုင်အောင်က အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းခိုင်က လယ်ယာသုံး ပစ္စည်းကိရိယာများ၊ သွင်းအားစုများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော လယ်ယာသုံးပစ္စည်းကိရိယာများ၊ သွင်းအားစုများကို ဒေသခံတောင်သူများထံသို့ လက်ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်သီဟ