မိုးညိုမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန် စားသုံးဆီအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

မိုးညို အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသခံပြည်သူလူထုများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးခွင့်ရရှိစေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီ အား စျေးနှုန်းချိုသာစွာဖြင့် ယမန်နေ့မှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များဖြစ်သည့် စားသုံးဆီအား ရောင်းချပေးရာတွင် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆီတစ်ပိဿာလျှင် (၃၈၅၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် (၁)ပိဿာ၊ တစ်နေ့လျှင် ပိဿာ (၁၀၀) ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ရောင်းချမှုအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စန္ဒာလင်း (ပြန် /ဆက်)